ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်ရှိ " ကောင်းစုဝေ " ကြက်သွန်ခြောက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ဈေးနှုန်းဈေးကွက်များမေးမြန်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည်  ပြည်တွင်း MSME ကဏ္ဍ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ (၁၆.၇.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်ရှီ “ ကောင်းစုဝေ” ကြက်သွန်ခြောက် လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

    ထိုသို့ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကြက်သွန်ခြောက်ပြုလုပ်ပုံအဆင့်ဆင့်ကို မေးမြန်းရာ ကြက်သွန်ကို ပဲမှုန့်၊ ကော်မှုန့်(ပီလောပီနံမှုန့်)၊ ဆား၊ ကြက်သွန်ဖြူ၊ တို့ဖြင့်ရောစပ်၍ အရသာ ကောင်းမွန်အောင် နယ်ဖတ်ပြီး မီးဖိုပေါ်တွင် ပေါင်းခွက်များဖြင့် ပေါင်းရကြောင်း၊ ရရှိလာသော ကြက်သွန်ပေါင်းများကို (၁)ရက်ခန့် နေလှန်းပြီး မစိုမခြောက်တွင် လှီးဖြတ်ကာ နေပူပူတွင် (၂/၃) ရက်ခန့် ပြန်၍ အခြောက်လှန်းရကြောင်း၊ ကြက်သွန်တစ်ပေါင်းလျှင် ကြက်သွန်ခြောက်(၄)ပိဿာ ခန့်ထွက်ရှိကြောင်း၊ အလုပ်သမားဦးရေမှာ (၅)ဦးရှိပြီး တစ်ရက်လျှင် ကျပ်(၄၀၀၀)နှုန်းဖြင့် (၃)ဦး၊ ပုတ်ပြတ်(၂)ဦးရှိကြောင်း၊ ပေါင်းသူမှာ တစ်ပေါင်းလျှင် ကျပ်(၂၅၀၀)နှင့် လှီးဖြတ်သူမှာ တစ်ပေါင်းလျှင် ကျပ်(၁၀၀၀) ပေးရကြောင်း၊ တစ်ရက်လျှင် (၅-၇)ပေါင်းခန့် ပြီးကြောင်း၊  မိုးရွာသည့်ရက်များတွင် လုပ်ငန်းနားရပြီး နေသာမှသာ လုပ်ငန်းလည်ပတ်နိုင်ကြောင်း၊ ဈေးနှုန်းအနေဖြင့် ကြက်သွန် ခြောက် တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)ရောင်းချကြောင်း၊ ဈေးကွက်မှာ ပခုက္ကူမြို့ပေါ်တွင် အမှာ နည်းပြီး ရန်ကုန်၊ ဖားကန့်၊ ရွှေဘို၊ တောင်ငူမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှ ပိဿာချိန်(၂၀)ခန့် နေ့စဉ် ပုံမှန်တင်ပို့ရပြီး အကျိုးအမြတ်အနေဖြင့် ကြက်သွန်တစ်ပေါင်းလျှင် ကျပ်(၃၀၀၀ - ၅၀၀၀)ခန့်ကျန်ရှိကြောင်း၊ ကော်မုန့် တစ်အိတ်ကို ကျပ်(၉၅၀၀၀)ကျော်နှင့်  ကြက်သွ န်နီ (၁)ပိဿာကို ကျပ်(၁၅၀၀-၂၀၀၀)ခန့်ဝယ်ရကြောင်း၊  ယခင်ကဆိုလျှင် ကြက်သွန်ခြောက်လုပ်ငန်းမှာ ကြက်သွန်ကြော် လုပ်ငန်းထက် ပို၍ အကျိုးအမြတ်များ ကျန်ရှိကြောင်း၊ ကြက်သွန်ကြော် လုပ်ငန်းလည်း တွဲဖက်လုပ်ကိုင်လျက်ရှိပြီး  ယခု စားသုံးဆီဈေးမြင့်တ‌က်နေသောကြောင့် ကြက်သွန်ကြော်လုပ်ငန်းမှာ နားထားရကြောင်း၊  ရံဖန်ရံခါ အမှာရှိမှသာ  ဖောက်သည်မပျက်စေရန် ကြော်၍ ရောင်းချကြောင်း၊ လက်ရှိအချိန်တွင် ကြက်သွန်ခြောက်လုပ်ငန်းကိုသာ ဦးစားပေး၍ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြောင်း၊  ရာသီဥတုသာယာလျှင် ပို၍လုပ်ငန်းအဆင်ပြေလည်ပတ်နိုင်ပါကြောင်း လုပ်ငန်းရှင်၏ ပြောပြချက်အရ  သိရှိရပါ သည်။

DOCA(မကွေး)