ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် နံနက် (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အငယ်တန်းစာရေးတို့သည် ကန့်ဘ လူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ “ကိုနွေဦး+မဖြူ”ကုန်စုံဆိုင်တွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုး အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်း ရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးကွက်အတွင်း ရောင်းချနေသည့် ဘူးသွင်းစားသုံးဆီများတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီဖော်ပြထားခြင်းရှိ/မရှိ၊ (၁/၂၀၂၁)နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိနှင့် (၂/၂၀၂၄)တို့နှင့် ကိုက်ညီမှုရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင် တင်သွင်းလာသောစားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး  စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)