ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အတွင်းရောင်းချနေသော ဆေးဆိုင်များတွင် တားမြစ်ထားသည့် တရားမဝင်ဆေးဝါးများ ထားရှိရောင်းချခြင်း ရှိ/ မရှိ စစ်ဆေးခြင်းအား (၁၄.၇.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဆိုင်ရှင်များအား စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးဦးအောင်လွင်က အင်္ဂလန်နိုင်ငံ Astra Zeneca Company မှထုတ်လုပ်သည့် Creator 10 mg အမျိုးအစား ဈေးကွက်အတွင်း တရားမဝင်ရောင်းချနေမှုနှင့် စပ်လျဉ်း၍ Creator 10 mg Tablet အတု/ အစစ်နှင့် တရားမဝင်ဆေးဝါးများအား သတ်မှတ်ပမာဏထက်ကျော်လွန်၍ လက်ဝယ်ထားရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးဆိုင်များသို့သွားရောက်ပြီး ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ မပြုလုပ်ရန် အသိပညာပေး ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုကဲသို့စစ်ဆးခြင်းများကို မြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များသို့ အခါအားလျော်စွာ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သိရသည်။
DOCA(ဧရာဝတီ)