မွန်ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ဆက်လက်ရောင်းချပေး

Powered by Drupal

       မွန်ပြည်နယ် သထုံမြို့နယ်၊ ဂေါ့ကျေးရွာ၊ ကွန်ပျူတာတက္ကသိုလ် (သထုံ)၌ ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် (၁၇-၇-၂၀၂၄) ရက်နေ့တွင် ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက်ကုန်များကို သတ်မှတ်ထားသည့် သက်သာသောဈေးနှုန်းတို့ဖြင့် မြို့နယ်အဆင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီမှ တာဝန်ရှိသူတို့က ဆက်လက်ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့ရောင်းချပေးရာတွင် ပေါ်ဆန်းမွှေးဆန်တစ်ပြည်လျှင် ၅၅၀၀ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် ၃၀၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၆၀၀၀ကျပ်နှင့် ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်၊ ကုန်စိမ်း၊ ကုန်ခြောက် စသည့်အခြေခံစားသောက်ကုန်အမျိုးမျိုးတို့ကို သတ်မှတ်ထားသည့် သက်သာသောဈေးနှုန်းတို့ဖြင့် စနစ်တကျရောင်းပေးရာ ကွန်ပျူတာတက္ကသိုလ်(သထုံ) ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းနှင့် ဆရာ/ဆရာမများ၊ ဝန်ထမ်းများက လာရောက်ဝယ်ယူခဲ့ကြပြီး ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)