ရုံးချုပ်မှ ကျင်းပပြုလုပ်သည့် Online Sale Registration အသိပညာပေးဆွေးနွေးပွဲအား တိုင်းစားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ တက်ရောက်

Powered by Drupal

    အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း Online Sale လုပ်ငန်းများ မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် မြေပြင်ကွင်းဆင်းမှုများပြုလုပ်မည် ဖြစ်ကြောင်းနှင့် မှတ်ပုံလျှောက်ထားခြင်း သိကောင်းစရာများနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

    အဆိုပါ Online Sale Registration မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်ပတ်သက်၍ ကုန်သွယ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးမှ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ထုတ်ပြန်ခြင်း၊ စနစ်တွင်အခြေခံဆောင်ရွက်ထားသည့်အချက်များ၊ မှတ်ပုံတင်ဆောင်ရွက်ရမည့် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများဟူ၍ အပိုင်း(၃)ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး/ပြည်နယ် များမှမေးမြန်းသည်များကို ပြန်လည်ဆွေးနွေးပြီးနောက် အသိပညာပေးဆွေးနွေးပွဲအား ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)