တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတား ယာဉ်ရပ်နားစခန်းသို့ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့၊ နံနက် ၁၁း၀၀ နာရီအချိန်တွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ယာဉ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် (2I-7044 /Nissan Diesel) မော်တော်ယာဉ်ဖြင့်တင်ဆောင်လာသော Kaung Hlyan New Asia ကုမ္ပဏီက (စနစ်သစ်) ဖြင့် တင်ပို့ရောင်းချသည့် စားအုန်းဆီ (၁) ပေပါလျှင် (၁၁၀) ပိဿာပါ၊ စားအုန်းဆီ (၄၄) ပေပါရောက်ရှိလာခဲ့သဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြပါသည်။ အဆိုပါ စားအုန်းဆီ (၄၄)ပေပါအား ကုမ္ပဏီ၏လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် (၁၄)ဆိုင်အနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)