ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ကျန်မာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့ အ.ထ.က(၁) ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်၊ ဝန်ဆောင်မှုများကို မည့်သို့ရွေးချယ်ဝယ်ယူရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန့်ကြားချက်များ၊ စားသုံးသူများ နစ်နာမှု ဖြစ်ပေါ်လာပါက တိုင်ကြားခွင့်စင်တာများ ဖွင့်ထားကြောင်း Call Center 1535 မှလည်း တိုင်ကြားနိုင်ကြောင်းကို အသိပညာပေးဟောပြောခဲ့ပါသည်။
DOCA(ဧရာဝတီ)