စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ခရိုင်ဦးစီးမှူးသည့် (၁၈.၇.၂၀၂၄) ရက်နေ့က မအူပင်ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ဆီကျော်မုန့်ထုတ်လုပ်သူလုပ်ငန်းရှင်(၄)ဦးနှင့် တွေ့ဆုံ၍ ဈေးကွက်မရောက်မီကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် မအူပင်မြို့ ဆီကျော်မုန့်အမျိုးမျိုး ထုတ်လုပ်သူလုပ်ငန်းရှင်(၄)ဦးက ကုန်စည် ထုတ်ကုန်လုံခြုံစိတ်ချစေရေးအတွက် လိုအပ်ချက်များကို သိရှိလို၍မေးမြန်းကြသဖြင့် မအူပင်ခရိုင် ဦးစီးမှူး ဦးဇော်မင်းက ဆီကျော်မုန့်ထုတ်လုပ်သူလုပ်ငန်းရှင်များကို ဆွေးနွေးရာ မိမိတို့ထုတ်လုပ်ရောင်းချမည့် မုန့်များကို ပထမဦးစားပေးအနေအရ သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ် ရောင်းချရန် ဦးစားပေးလိုအပ်ကြောင်းကိုလည်းကောင်း၊ ဈေးကွက်မရောက်မီ ထုတ်ကုန်များအပေါ်တွင် စားသုံးသူ သိရှိနိုင်စေရန် ကုန်စည်အမှတ်တံဆိပ်၊ အသားတင်ပမာဏ၊ ပါဝင်သည့် ကုန်ကြမ်းပစ္စည်းများ၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ လိုအပ်ပါက ကျန်းမာရေးဆိုင်ရာ ဓါတ်မတည့်ကြောင်း ဖော်ပြချက်များ၊ ထုတ်လုပ်သူလုပ်ငန်းရှင်၏ ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးသည့် နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို သိသာထင်ရှားစွာဖော်ပြရန်လိုအပ်ကြောင်း၊ (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ဖော်ပြရမည့်အချက်များကို လုပ်ငန်းရှင်တို့ သိရှိနိုင်ရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)