ပန်းတနော်မြို့နယ်အတွင်း စားသုံးဆီရောင်းချနေသော အရောင်းဆိုင်များတွင် ပြည်သူများအား စားသုံးဆီကို ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် စားသုံးဆီများ ရောင်းချလျက်ရှိသော စျေးဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင်လ ၁၇ ရက်နေ့ ၊နေ့လယ် (၁၁:၀၀) နာရီက ဌာနဆိုင်ရာများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

     ကွင်းဆင်းစစ်ဆေးရာ စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ပန်းတနော်မြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ စားသုံးဆီများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းက မြို့ပေါ်ရပ်ကွက်၊ စျေးများရှိ စားသုံးဆီအရောင်းဆိုင်တို့တွင် စားအုန်းဆီများကို ပြည်သူများအား သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များကို ပါကင်ပိတ်ဖြင့် ရောင်းချသည့် မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့် ကုန်ပစ္စည်းများ၊ စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်သောဖော်ပြသည့် ကုန်စည်ကိုသာ ရောင်းချရန်၊ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချရန်၊ အခြားစားသောက်ကုန်ပစ္စည်းများဖြင့် တွဲဖက်၍ ရောင်းချခြင်းမပြုရန်၊ ပြောကြားခဲ့ပြီး ဌာနဆိုင်ရာတို့၏ လမ်းညွှန်ချက်၊ သတ်မှတ်ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် လုပ်ငန်းရှင်တို့မှ လိုက်နာဆောင်ရွက်မှုမရှိသည်ကို စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူခံရမည်ဖြစ်သဖြင့် လေးစားလိုက်နာ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)