ရွှေတောင်မြို့ရှိငရုတ်သီးစိမ်းဈေးနှုန်းဈေးကွက်

Powered by Drupal

    ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာရှိ ငရုတ်စိုက်ပျိုးသူတောင်သူ ဦးမျိုး၏ငရုတ်စိုက်ခင်းသို့ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၇-၇-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။ စိုက်ပျိုးသောမျိုးမှာ ကျောက်စိမ်းငရုတ်သီးမျိုးဖြစ်ပြီး တပေါင်းလတွင်စိုက်ပျိုးပြီး တန်ခူးလတွင် ပျိုးပင်ပေါက်များကို ပေါင်များပေါ်တွင် တစ်ပင်နှင့်တစ်ပင် တစ်တောင်ခြား၍စိုက်ပျိုးရပါသည်။ ငရုတ်ပင်များကို ရွှေ့ပြောင်းစိုက်ပြီး ၁၀/၁၂ ရက်အကြာတွင် ပေါင်းရှင်းခြင်း၊ ရေသွင်းခြင်း၊ မြေတောင်မြှောက်ခြင်းတို့ပြုလုပ်ရပြီး မြေဩဇာကို (၂)ပတ်တစ်ကြိမ် ထည့်ခြင်းပြုလုပ်ရပါသည်။ ငရုတ်သီးစိမ်း တစ်ဧကစိုက်ပျိုးထားရှိပြီး အသီးများထွက်ရှိချိန်တွင် ငရုတ်သီးစိမ်းကို တစ်လလျှင် (၂)ကြိမ်ခူးဆွတ်ရပြီး တစ်ခါခူးဆွတ်လျှင် ပိဿာ(၁၀၀)ကျော်ခူးဆွတ်ရရှိပါသည်။ ဈေးကွက်အနေဖြင့် ကုန်သည်များကလာရောက်ဝယ်ယူပြီး ထိုမှတစ်ဆင့် နယ်မြို့များနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြပါသည်။ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်တွင်‌ရောင်းချသော ဈေးနှုန်းများအနေဖြင့် လက်ကားဈေးတစ်ပိဿာလျှင် ၂၀၀၀ကျပ်နှင့် လက်လီဈေးတစ်ပိဿာလျှင် ၂၅၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ယခင်ငရုတ်သီးစိမ်းမပေါ်မီ နွေရာသီကာလတွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၅၀၀၀-၆၀၀၀) ကျပ်ဖြင့်ရောင်းချခဲ့၍ ယခုအချိန်မှာ ငရုတ်သီးများထွက်ရှိချိန် မိုးရာသီအချိန်ဖြစ်၍ ငရုတ်သီးစိမ်းဈေးနှုန်းများ ပြန်လည်ကျဆင်းလာသည်ဟုသိရှိရပါသည်။

DOCA(ပဲခူး)