![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၅၇_4.jpg?itok=5Joha2i9)
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီးတစ်မျိုးဖြစ်သော နှမ်းသီးနှံကို ယခုနှစ်တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာ ကြောင်းသိရှိရပါသည်။ ဇီးကုန်းမြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးကြိုးနှမ်းစိုက်ပျိုးရန် လျာထားဧကမှာ (၁၅၂၀)ဧကဖြစ်ပြီး ဇွန်လကုန်အထိ (၉၀၁)ဧကစိုက်ပျိုးပြီးစီးကြောင်းသိရှိရပါသည်။
မိုးနှမ်းစိုက်တောင်သူများအနေဖြင့် မိုးကြိုနှမ်းအား မေလတွင်စတင်စိုက်ပျိုးပြီး ၂လခွဲခန့် ကြာပါက စတင်ရိတ်သိမ်းကြောင်း၊ စမုံနက်နှမ်းမျိုးမှာ စိုက်ပျိုးမှုများပြီး ယခုနှစ်တွင် မျိုးနှမ်း (၁၅)ပိဿာဝင် တစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်နှုန်းဖြင့်ဝယ်ယူရပြီး တစ်ဧကအတွက် မျိုးနှမ်း (၅)ပိဿာအသုံးပြုရပါသည်။ ယခုနှစ်တွင် မိုးနှမ်းတစ်ဧကစိုက်ပျိုးစရိတ်အနေဖြင့် (မျိုးဝယ်ယူ ကုန်ကျစရိတ်၊ ထယ်ထိုးခ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ အလုပ်သမားခ) အပါအဝင် စုစုပေါင်းကုန်ကျစရိတ် (၃၆၅၀၀၀) ကျပ်ရှိကြောင်းသိရပါသည်။ ယခင်နှစ် မိုးနှမ်းတစ်ဧကလျှင် ပျမ်းမျှ အထွက်နှုန်း (၁၀)တင်းထွက်ရှိကြောင်း၊ ယခင်နှစ် နှမ်းသစ်ပေါ်ချိန်တွင် စမုန်နက်နှမ်းတစ်တင်းလျှင် (၉၀၀၀၀)ကျပ်နှုန်းရောင်းချရကြောင်း၊ အကျိုးအမြတ်အားဖြင့် (၅၄၀၀၀၀)ကျပ်ရရှိခဲ့ကြောင်း နှမ်းစိုက်တောင်သူတစ်ဦးထံမှသိရပါသည်။
ဒေသတွင်းတောင်သူများအနေဖြင့် နှမ်းသီးနှံကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာခြင်းဖြင့် ဒေသတွင်းစားသုံးဆီဖူလုံရေးကို အထောက်အပံ့ရစေသည့်အပြင် ဝင်ငွေများလည်းရရှိလာနိုင် ကြောင်း ရေးသားလိုက်ရပါသည်။
DOCA(ပဲခူး)