ကုန်အမှတ်တံဆိပ်ပြည့်စုံစွာပါဝင်စေရေး ကူညီဆောင်ရွက်ပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုနှင့်အညီ စလင်းမြို့နယ်တာဝန်ခံ ဦးစီးမှူးဦးဆန်းလင်းမောင်သည် ကုန်အညွှန်း အမှတ်အသားပြည့်စုံရေးအတွက် စလင်းမြို့နယ် ပေါင်းပင်ဇင်ရပ် “ရွှေပွား” အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ရာ လုပ်ငန်းရှင်က ထုတ်လုပ်ရောင်းချသော ကုန်စည်ကို စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေနှင့်အညီဖြစ်စေပြီး၊ ပြည့်စုံသော ကုန်အမှတ်တံဆိပ် တစ်ခုဖြစ်စေရန် ကူညီဆောင်ရွက်ပေးစေလိုကြောင်း အကူညီတောင်းခံရာ မြို့နယ်တာဝန်ခံအနေဖြင့် ကုန်အမှတ်တံဆိပ် ပြည့်စုံစေရေး ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

     မြို့နယ်တာဝန်ခံက ပဲကြော်လုပ်ငန်းလုပ်ကိုင်ရာတွင် မိမိ၏ ကုန်စည်သည် ကျန်းမာရေးနှင့် ညီညွတ်ပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရုံတွင်သာမက၊ ဈေးကွက်ခိုင်မာမှုရရှိစေရေး အတွက် ကုန်အမှတ်တံဆိပ်နှင့် ကုန်အညွှန်းအမှတ်အသားသည် လွန်စွာအရေးပါလှကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)နှင့် စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန် ကြားချက်(၂/၂၀၁၉)ပါ အချက်အလက်များကို တစ်ခုချင်းစီ လုပ်ငန်းရှင်အား သေချာစွာနားလည်နိုင်စေရန်နှင့် ကုန်အညွှန်းအမှတ်တံဆိပ်၏အရေးပါပုံမှာ မိမိကုန်စည်ကို ဝယ်ယူလိုသော စားသုံးသူကဆိုင်ရှင်ကို အမှတ်တံဆိပ်ပြောပြရုံဖြင့် လွယ်ကူစွာဝယ်ယူနိုင်ကြောင်း၊ ကုန်ပစ္စည်းအမျိုးအမည်မှာ မိမိ၏ထုတ်ကုန်များထဲမှာ လိုအပ်သော အမျိုးအမည်ကို လျင်မြန်စွာဝယ်ယူ နိုင်ကြောင်း၊ ကုန်စည်တွင်ပါဝင်သည့် ပါဝင်ပစ္စည်းသည် လွန်စွာအရေးပါကြောင်းနှင့် လုပ်ငန်းရှင် နှင့်စားသုံးသူကြား ဆက်သွယ်ထားသော ရောင်းချသူ၏မမှန်မကန် လုပ်ဆောင်ခြင်း မပြုနိုင်ကြောင်း ထားသိုသိမ်းဆည်းပုံကလည်း ကုန်ပစ္စည်းကို ကျန်းမာရေးနှင့်ညီညွတ်စေရုံသာမက ထားသိုမှုမမှန်ပါက မလိုလားအပ်သည့် ပြဿနာများဖြစ်တတ်ကြောင်း၊ သုံးစွဲပုံနည်းလမ်းက မိမိ၏ ကုန်စည်ပေါ်မူတည်ရန် ထည့်သွင်းပေးရကြောင်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက် မိမိကုန်စည်တွင် ပါဝင်သော ပါဝင်ပစ္စည်းများနှင့်ဓါတ်မတည့်ဘဲ စားသုံးခြင်းမရှိစေခြင်း၊ ထုတ်လုပ်ရက်စွဲနှင့်သက်တမ်း ကုန်ရက်စွဲ၊ နေရပ်လိပ်စာများ ပြည့်စုံစွာပါရှိရမည့်အချက်များနှင့် အသင့်စားကုန်ပစ္စည်းများတွင် ပါဝင်ရမည့်အချက်များ သေချာစွာ သိရှိနားလည်စေရန် ဆွေးနွေးခဲ့ပါသည်။

       ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ဆွေးနွေးပွဲအပြီးတွင် ရွှေပွားပဲကြော် လုပ်ငန်းရှင်က ကုန်အမှတ်တံဆိပ်တွင် ပါရှိရမည့်အချက်များအား သေချာစွာ မေးမြန်းခဲ့မှုအပေါ်မြို့နယ်တာဝန်ခံမှ ပြန်လည်ဖြေကြားပြီး ရွှေပွားပဲကြော်လုပ်ငန်း၏ ကုန်အမှတ်တံဆိပ်ပြည့်စုံနိုင်ရေး ကူညီဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)