ထားဝယ်မြို့၊အခြေခံပညာမူလတန်းကျောင်း(သင်္ဘောဆိပ်)တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းဟောပြောဆွေးနွေးခြင်း

Powered by Drupal

     ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက် (၀၉း၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ထားဝယ်မြို့ အခြေခံပညာမူလတန်းကျောင်း(သင်္ဘောဆိပ်)တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် စားသုံးသူ‌ရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောဆွေးနွေးခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဓာတုဆိုးဆေးများအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဟောပြောပွဲအား နေ့လယ်(၁၁း၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)