ရွှေဘိုမြို့ ဈေးကွက်အတွင်း ရွှေဘိုမြို့အနီးတဝိုက်ရှိ ကျေးရွာများမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထွက်ရှိသော နဂါးမောက်သီးများအပြင် ပြင်ဦးလွင်မြို့နှင့် ပုပ္ပါးမြို့တို့မှ နဂါးမောက်သီးများကိုလည်း မှာယူ၍ ရောင်းချလျက်ရှိပါသည်။
နဂါးမောက်သီးများကို ခြင်းပြတ်စနစ်ဖြင့် တစ်ဆင့်ဝယ်ယူရပြီး အလုံးအကြီး/ အသေးပေါ်မူတည်၍ နဂါးမောက်သီးအကြီး တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၁၂၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၈၀၀)ကျပ်ဈေးနှုန်းဖြင့် အသီးသီးရောင်းချရကြောင်း၊ တစ်ရက်လျှင် နဂါးမောက်သီး (၂)ခြင်းခန့် အရောင်းအဝယ်ဖြစ်ကြောင်း ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းရှိ သစ်သီးရောင်းချသူတစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)