လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    (၂၂.၇.၂၀၂၄) ရက်နေ့၊ ​နံနက် (၁၁:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော မွန်ပြည်နယ်၊ ​မော်လမြိုင်မြို့ရှိ ကုမ္ပဏီများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသည့် မြန်မာကုမ္ပဏီ(၁)ခုဖြစ်သော MA PAN AYE FAMILY RUBBER TRADING CO,LTD ၏ ကုမ္မဏီတည်ထောင်မှုနှင့် ပတ်သက်၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှုရှိ/မရှိ၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)