ဘီးလင်းမြို့၊ (အ.ထ.က) ကန်သာယာ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

    ၂၂.၇.၂၀၂၄ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ကျိုက်ထိုခရိုင်ဦးစီးမှူးဦးဆောင်၍ ဘီးလင်းမြို့၊ (အ.ထ.က)ကန်သာယာ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောဆွေးနွးပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးဝင်းသူမှ အဖွင့်အမှာစကားပြောကြား၍ ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းမှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် ဥပဒေပါ ပြဌာန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား ဟောပြောပြီး ကျောင်းသား/ ကျောင်းသူများမှ သိလိုသည်များကို ဆွေးနွေးခဲ့ပြီးနောက် ဌာန၏လက်ကမ်းစာစောင်များအား ​ပေးဝေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ (၁၀) ဦးနှင့် ကျောင်းသား/ကျောင်းသူ (၂၅၀) ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။

DOCA(မွန်)