သရက်မြို့ပေါ်ရပ်ကွက်ရှိ စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့၊ တောင်မင်းတည်းရပ်ကွက်ရှိ သိမ်ကြီးဘုရား၌ (၁၉.၇.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူပြည်သူများထံသို့ ဧည့်မထဆန်(၁)ပြည် လျှင် ကျပ်(၃၀၀၀)ဈေးနှုန်းဖြင့် ပြည်သူ(၃၆၀)ဦးအားလည်းကောင်း၊ (၂၃.၇.၂၀၂၄)ရက်နေ့ နံနက်(၀၉:၃၀) အချိန်တွင် ပြည်တော်အေးရပ်ကွက်ရှိ ဆင်ဖြူတော်ဘုရားဓမ္မာရုံ၌ စားသုံးသူပြည်သူများထံသို့ ဧည့် မထဆန်(၁)ပြည်လျှင် ကျပ်(၃၀၀၀)ဈေးနှုန်းဖြင့် ပြည်သူ(၃၆၀)ဦးအားလည်းကောင်း မြို့ပေါ်ရှိ ဆန်စက် နှင့်ဆန်လုပ်ငန်းရှင်များအသင်းမှ ရောင်းချပေးခဲ့ပါသည်။

     အဆိုပါရောင်းချပေးနေမှုအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် အတူ မိမိတို့၏ စားသုံးသူရေးရာဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပူးပေါင်း၍ စိစစ် ကြပ်မတ် ဆောင်ရွက်ပေးခဲ့ပါသည်။ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ ယခုကဲ့သို့ မြို့ပေါ်ရှိ ရပ်ကွက်များတွင် အပတ်စဉ် ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ပါကြောင်းနှင့် ယခု အကြိမ်သည် သရက်မြို့ပေါ်တွင် ဆဌမအကြိမ်နှင့် သတ္တမအကြိမ်မြောက် ရောင်းချပေးခြင်းဖြစ်ပါကြောင်း သတင်းရ ရှိခဲ့ပါသည်။

DOCA(မကွေး)