သရက်မြို့နယ် ကျောင်းများရှိ ကျောင်းမုန့်ဈေးဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခြင်းနှင့် ကျောင်းကျန်းမာရေးဆိုင်ရာကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့်အတူ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဒုတိယခရိုင်ဦးစီးမှူးတာဝန် ထမ်းဆောင်နေသော ဦးအုန်းမြင့်(ဦးစီးမှူး)သည် (၂၄.၇.၂၀၂၄)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးအဖွဲ့ဝင်များနှင့် ပူးပေါင်း သရက်မြို့နယ်ရှိ ကျောင်းများသို့ ပဉ္စမအကြိမ် စစ်ဆေးခြင်းများအား ဆောင်ရွက်လျက်ရှိရာ ပြည်တော်အေးရပ်ကွက်ရှိ အခြေခံပညာမူလတန်း ကျောင်းနှင့် အနောက်ရပ် အခြေခံပညာမူလတန်းကျောင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ) အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၊ မုဉ္ဇလီကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၊ ကိုးပင်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းစုစုပေါင်း ကျောင်း(၅)ကျောင်းသို့ ကျောင်းကျန်းမာ ရေးဆိုင်ရာကျောင်းနှင့် ကျောင်းဝန်းကျင်သန့်ရှင်းရေးနှင့် သက်ဆိုင်သည့် အချက်(၈)ချက်အား စစ်ဆေးခြင်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

     မိမိတို့ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့သည် ဌာနများမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များအား ကျောင်းအုပ်ဆရာမကြီးထံသို့ပေးအပ်ခြင်း၊ ဦးစီးမှူး ဦးအုန်းမြင့်မှ ကျောင်းရှိမုန့်ဈေးဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့်မုန့်များနှင့် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ ပါဝင်သော မုန့်များကိုသာ ကြည့်ရှုဝယ်ယူရောင်းချစေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။ အဖွဲ့ဝင်များမှ အချက်(၈)ချက်တွင် ပါဝင်သော ကျောင်းအဆောက်အအုံတစ်ခုလုံးကို သန့်ရှင်းရေးပြုလုပ်ထားခြင်း၊ စာသင်ခန်းအတွင်းရှိ ကျောင်းသုံးပရိဘောဂများ စနစ်တကျထားရှိခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အလင်းရောင်နှင့် လေလုံလောက်စွာ ရရှိခြင်း၊ သန့်ရှင်းလုံလောက်သော သောက်သုံးရေရရှိအောင် စီစဉ်ထားခြင်း၊ ကျောင်းစားသောက်ဆိုင်တွင်  ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်များသာ ရောင်းချစေခြင်း၊ အမှိုက်သရိုက်များကို စုစည်း၍ အဖုံးပါသော အမှိုက်ပုံးတွင် စွန့်ပစ်ခြင်း၊ အမှိုက်သိမ်းဆည်းခြင်းများ၊ ခြုံ၊ ရေအိုင်၊ အမှိုက်၊ ပေါင်းမြက်များ ကင်းရှင်းစေခြင်း၊ ရေလောင်းအိမ်သာ (သို့မဟုတ်) ကျန်းမာရေးနှင့်ညီညွတ်သော ယင်လုံအိမ်သာကိုသုံးစွဲခြင်း၊ ခြင်၊ ယင်ပေါက်ဖွားနိုင်မှုမရှိစေရေးတို့ စစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)