သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး ဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့ နံနက်(၁၀ꓽ၀၀)နာရီအချိန်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဆမ်လောဝ်အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ဆမ်လောဝ်အမှတ်တံဆိပ်သောက်ရေသန့်သည် ထုတ်လုပ်မှုလုပ်ငန်းစဉ်များအတိုင်း ထုတ်လုပ်ဖြန့်ချိပြီး ကုန်အညွှန်းအမှတ်အသားများကိုလည်း ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်သားများ၏ တကိုယ်ရည်သန့်ရှင်းရေးနှင့် ဘူးခွံသန့်ရှင်းရေးပြုလုပ်မှုများကိုအထူးဂရုပြုရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)