မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ ကျုံမငေးရှိ ဆန်စက်များအား သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချမှု ရှိ /မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  ၂၄.၇.၂၀၂၄ နေ့ နံနက်(၁၁:၀၀) ကဝါးခယ်မမြို့နယ်နှင့် ကျုံမငေးမြို့ ဆန်စက်များတွင်ရောင်းချပေးနေသော ဆန်များကိုသတ်မှတ် ဈေးနှုန်းဖြင့် ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဆန်ရောင်းချနေသော ဆန်စက်ပိုင်ရှင်များအား ဆန်ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆန်စက်များအနေဖြင့် စားသုံးသူပြည်သူများအားဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊သတ်မှတ်ဈေးနှုန်းဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိ ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်စက်ပိုင်ရှင်များ အားရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)