ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးသည် ၂၀၂၂ခုနှစ်၊မတ်လ ၁၄ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန်က မြောင်းမြမြို့၊ ခွေးလေးကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာတွင်းရှိ ကုန်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် မြောင်းမြမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပြဌာန်းချက်ပါ စားသုံးသူ၏အခွင့်အရေးများနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့် ကိုက်ညီသောကုန်စည်များအား စိစစ်ရောင်းချရန်၊ ဟင်းသီးဟင်းရွက်ဆီ များနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ ပုဒ်မ ၈၃၊ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ထုတ်ပြန်ထားသော ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil; Cooking OiL)နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်(၁/၂၀၂၁)အား ရှင်းလင်းဆွေးနွေး၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး လုပ်ငန်းရှင်များမှသိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)