မုံရွာမြို့၊အလုံရပ်ကွက်ရှိ အမှတ်-၂ အခြေခံပညာနှင့် စက်မှုစိုက်ပျိုမွေးမြူးရေး အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများ တိုးပွားရရှိစေရေးအသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ဇူလိုင်လ ၂၄ ရက်၊ နံနက် (၁၁:၀၀)နာရီအချိန်က မုံရွာမြို့၊ အလုံရပ်ကွက်ရှိ “ အမှတ်-၂ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူးရေး အထက်တန်းကျောင်း”တွင် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၇၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

    အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကျောင်းသား/ကျောင်းသူများ အသိပညာများ တိုးပွားရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်အမှာ စကားပြောကြားခြင်း၊ စားသုံးသူများရသင့်ရထိုက်သော အခွင့်အရေးများ ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် စားသောက်ကုန်များဝယ်ယူစားသုံးသင့်ကြောင်း၊ စားသုံးသူများတိုင်ကြားရမည့် နည်းလမ်းများနှင့် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများအပေါ်ဌာနမှ ဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများအကြောင်းများကို သိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

    ထို့နောက် တက်ရောက်လာသည့်ဆရာ/ဆရာမများနှင့် ကျောင်းသား./ကျောင်းသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ သိလိုသည့်မေးမြန်းချက်များအပေါ်  တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)