BYD သည် ကမ္ဘောဒီးယားတွင် EV စက်ရုံတည်ဆောက်မည်

Powered by Drupal

    BYD Asia-Pacific Auto Sales Division ၌ ကမ္ဘောဒီးယားသည် တစ်နှစ်လျှင် ကားအစီးရေ ၂၀၀၀၀ဖြင့် အများဆုံးထုတ်လုပ်နိုင်သော လျှပ်စစ်ကားတပ်ဆင်ရေးစက်ရုံကို တည်ဆောက်ရန်စီစဉ်နေပြီး ပြည်တွင်းဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်များသို့ တင်ပို့နိုင်ရန်စီစဉ်နေကြောင်း  Mr.Hun Manet က လူမှုကွန်ရက်စာမျက်နှာ၌ တနင်္လာနေ့တွင် ရေးသားဖော်ပြခဲ့သည်။

        BYD Asia-Pacific Auto Sales Division ကို ၁၉၉၅ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံ၊ Shenzhen တွင် ရုံးစိုက်ခဲ့ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။ ၂၀၂၂ခုနှစ်တွင် BYD သည် ကားအစီး‌ရေ ၃သန်းထုတ်လုပ်ခဲ့ပြီး နိုင်ငံပေါင်း ၇၀တွင်လည်း စက်ရုံအခွဲများဖွင့်လှစ်ထားသည်။ အာရှတွင် BYD သည် တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် အင်ဒိုနီးရှားတို့တွင် ကားထုတ်လုပ်ရေးနှင့် တပ်ဆင်ရေးစက်ရုံများဖွင့်လှစ်ထားသည်။

         လျှပ်စစ်ကားတပ်ဆင်ရေးစက်ရုံတည်ဆောက်မည့်အစီအစဉ်ကို ဝန်ကြီးချုပ် Hun Manet နှင့် BYD Asia-Pacific Auto Sales Division ၏ အထွေထွေမန်နေဂျာ Liu Xueliang တို့ ဇူလိုင်လ ၁၅ရက်နေ့တွင် ငြိမ်းချမ်းရေးနန်းတော်၌တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

        ယင်းနေ့၌ ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(CDC)၏ ဒုတိယသမ္မတနှင့် ဒုတိယဝန်ကြီးချုပ် Sun Chanthol သည် CDC ၌ Liu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။ နိုင်ငံတော်၏အလားအလာ၊ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ တောင်းဆိုထားသည့်လုပ်ငန်းများအားလုံး အဆင်ပြေချောမွေ့စေရန်နှင့် အများသူငှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များ ပိုမိုဖြစ်ထွန်းလာစေရန်အတွက် အတည်ပြုခဲ့သည်။

       ကမ္ဘောဒီးယားပြည်တွင်း၌ ကားများတပ်ဆင်ခြင်းကြောင့် ဈေးသက်သာပြီး လျှပ်စစ်ကားများမှ နိုင်ငံ့အခွန်များရရှိလာမည်ဖြစ်ရာ ကမ္ဘောဒီးယားနိုင်ငံအတွက် များစွာအကျိုးရှိလာမည်ဖြစ်သည်။ 

Source: oilprice

DOCA(ရန်ကုန်)