ကန့်ဘလူမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့ နယ်တာဝန်ခံရုံးအနေဖြင့် (၂၄.၇.၂၀၂၄)ရက်နံနက် ၀၉:၃၀နာရီအချိန်တွင် မြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ခရိုင်စ(၃)လုံးနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ‌ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/မရှိ၊ စားသုံးသူထိခိုက်နိုင်ခြေမြင့်မားသည့် စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိနှင့် ဆေးပစ္စည်းများပြတ်လပ်ခြင်းရှိ/မရှိကို အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ၊ စံမညီဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း သိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများကလည်း မိမိတို့နှင့်သက် ဆိုင်သည့် အမိန့်နှင့်ညွှန်ကြားချက်များကို အသိပေးပြောကြားခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်ကြောင်း အသိပေးပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)