အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

Powered by Drupal

   ၂၅.၇.၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊ သာသနာ ၂၅၀၀ ဘုန်းတော်ကြီကျောင်း၌ ကျိုက်မရောမြို့နယ်၊ ဓမ္မဿကျေးရွာရှိ လူနေအိမ် (၃၈၀)လုံးအား ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း(၂၀၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်မှ ထောက်ပံ့ပေးအပ်ရသည့်အကြောင်းအရင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အလှူငွေများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်တို့မှ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်များက အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြပြီး အလှူငွေများလှူဒါန်းခဲ့ကြခြင်းအပေါ် ဆရာတော် ဘဒ္ဒန္တသီလဝံသက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)