![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/30.9_1.jpg?itok=pgL_kuED)
၂၆.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် Ocean Super Center နှင့် K-Mart တို့သွားရောက်၍ ဆန်ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ Ocean Super Center နှင့် K-Mart များတွင် ပြည်တွင်း စားဆန်များကို ပြည်သူများသက်သာလွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်ကောင်တာများ ပုံမှန်ဖွင့်လှစ်ရောင်းချစေရေး၊ ကုန်စည်ပြတ်လပ်မှုမရှိအောင် ဝယ်ယူရောင်းချစေရေး၊ MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းဈေးအတွင်း ရောင်းချစစ်ဆေးခဲ့ရာ အဆိုပါ ဈေးဝယ်စင်တာများတွင် ဆန်ကောင်တာများ ဖွင့်လှစ်ပြီး 2 kg, 5 kg, 10 kg, 25 kg, Consumer Pack များ MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)