၂၈.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သထုံမြို့မဈေးတွင် ဆန်/စပါး လုပ်ငန်းရှင်အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ ပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် စနစ်တကျရှိစေရေး စားသုံးသူပြည်သူများ လက်ဝယ်အမှန်တကယ်ရောက်ရှိရေး၊ သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါနေ့တွင် ဧည့်မထဆန် (၁၀) မှတ် တစ်ပြည်လျှင် (၃၀၀၀) ကျပ်၊ ပေါ်ဆန်းဆန် တစ်ပြည်လျှင် (၅၅၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် (၂) ပြည်နှုန်းဖြင့်ရောင်းချခဲ့ရာ ပြည်သူလူထု (၇၂၀) ဦးအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချခြင်းအား သထုံမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်တွင်လည်း ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း ဆန်စက်လုပ်ငန်းရှင်နှင့် ဆန်ကုန်သည်အသင်းတို့ထံမှ သိရှိရပါသည်။
DOCA(မွန်)