ကမ္ဘောဒီးယားတွင် တရုတ်မှရင်းနှီးမြှုပ်နှံထားသည့်လေဆိပ်သည် ခရီးသည် ၁ သန်းကျော်ဖြင့် လေကြောင်းခရီးစဉ် ၁၀၉၇၁ ကြိမ် အောင်မြင်စွာပြေးဆွဲနိုင်ခဲ့

Powered by Drupal

    တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသည့် Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ် (SAI) သည် ခရီးသည်ပေါင်း ၁.၀၂ သန်းဖြင့် ပျံသန်းမှုပေါင်း ၁၀၉၇၁ ကြိမ် ပျံသန်းခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ စီးပွားဖြစ်လည်ပတ်နိုင်ခဲ့ကြောင်း လေဆိပ်အော်ပရေတာက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။

     အဆိုပါ SAI လေဆိပ်အား စတင်တည်ထောင်ချိန်မှစ၍ အောင်မြင်စွာလည်ပတ်နေကြောင်း Angkor International Airpot Investment(Combodia) Co.,Ltd မှ ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ လေဆိပ်သည် နိုင်ငံ ၈ နိုင်ငံရှိ မြို့ကြီး ၁၅ မြို့သို့ပျံသန်းသည့် လေကြောင်းလိုင်း ၁၂ ခုကို ဝန်ဆောင်မှုပေးခဲ့သည်။ ၃၆၀၀ မီတာ ရှည်လျားသည့် ပြေးလမ်းရှိသော SAI လေဆိပ်သည် လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံးလေဆိပ်ဖြစ်ပြီး အနောက်မြောက်ပိုင်း Siem Reap ပြည်နယ်ရှိ UNESCO စာရင်းဝင် အန်ကောရှေးဟောင်းသုတေသနဥယျာဉ်သို့ အဓိကဝင်ပေါက်လည်းဖြစ်သည်။

     ကမ္ဘောဒီးယားနိုင်ငံ မြို့ပြလေကြောင်း၏ လက်ထောက်အတွင်းဝန်နှင့် ပြောရေးဆိုခွင့် ရှိသူ Simm Chanserey Vutha က 4E အဆင့် နိုင်ငံတကာလေဆိပ်သည် ကမ္ဘာတစ်ဝှမ်းရှိ ဒေသအသီးသီးမှ ခရီးဝေးပျံသန်းမှုများကို ကိုင်တွယ်ဆောင်ရွက်နိုင်ကြောင်း၊ ၎င်းလေဆိပ်သည် လေကြောင်း ခရီးသည်များအား စွဲဆောင်ထားနိုင်ပြီး ခရီးသွားကဏ္ဍနှင့် ခရီးသည်များ၏ လိုအပ်ချက်များကို လည်း အကောင်းဆုံးဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ လေဆိပ်သည် Belt & Road Initiative(BRI) အရ ကမ္ဘောဒီးယားနှင့်တရုတ်နိုင်ငံအကြား နီးကပ်‌သော ပူးပေါင်း ဆောင်ရွက်မှု၏ အသီးအပွင့်ဖြစ် ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

     SAI လေဆိပ်သည် ကမ္ဘောဒီးယားနိုင်ငံဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းအား ဆက်သွယ်မှု တိုးတက်စေရန် အထောက်အကူပြုကြောင်း၊ နိုင်ငံ၏ခရီးသွားလာရေး၊ စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအား မြှင့်တင်ရာတွင်လည်း မရှိမဖြစ်လိုအပ်ကြောင်း၊ လေယာဉ်အမျိုးအစား အားလုံးဆင်းသက်နိုင်သောကြောင့် Siem Reap ပြည်နယ်အား တိုက်ရိုက်ပျံသန်းပြေးဆွဲနိုင်ရန် စဉ်းစားပေးရန် နိုင်ငံတကာလေကြောင်းလိုင်းများအား တောင်းဆိုချင်ကြောင်း၊ သို့မှသာ ခရီးသည်များအနေဖြင့် အချိန်ရောငွေကုန်ကြေးကျပါ သက်သာမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား ခရီးသွားလာရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးဝန်ကြီးနှင့်ပြောရေးဆိုခွင့်ရှိသူ Top Sopheak က ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

Source: khmertimeskh

DOCA(ရန်ကုန်)