ထားဝယ်မြို့ပေါ်ရှိ ဆန်ဆိုင်များအား စစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ သြဂုတ်လ၊ ၁ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ရုံးချုပ်၊ နေပြည်တော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုများအရ ဒေသတွင်း စားသုံးသူ ပြည်သူများ စားဆန်များအား သင့်တင့်မျှတသောစျေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်စေရေးအတွက် ထားဝယ်မြို့ပေါ်ရှိ ဆန်လက်လီ/လက်ကားရောင်းချသည့် ဆန်ဆိုင်ကြီးများ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့များဖြင့်ပူးပေါင်း၍  မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဒေသတွင်း ဆန်လက်လီ/လက်ကားအရောင်းဆိုင်ကြီး ဖွင့်လှစ်ရောင်းချနေမှုအခြေအနေများ၊ ဆန်အမျိုးအစားအလိုက် ဒေသတွင်း သင့်တင့်မျှတသော ‌စျေးနှုန်းများဖြင့် ရောင်းချနေမှု များရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)