
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှုအတွက် အခြားပြည်နယ်များမှ ဝယ်ယူလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့နှင့်(၂၇)ရက်နေ့တို့တွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ဆန်အိတ်များသယ်ယူလာခဲ့ပြီး မြိတ်မြို့သို့ (၁.၈. ၂၀၂၄)ရက်နေ့တွင် ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ရောက်ရှိလာခဲ့သော ဆန်အိတ်များကို (၁.၈.၂၀၂၄) ရက်နေ့တွင် မြိတ်ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ကုန်စည်စီး ဆင်းမှုမှန်ကန်စေရေးကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေ သကြီး၊ မော်ကျွန်းမြို့မှ ထွက်ခွာလာသော MV မြမြဖြူရေယာဉ်တွင် ဆန် တန်(၄၆၀)၊အိတ်ရေ (၉၂၀၀)နှင့် ရန်ကုန်တိုင်းဒေသကြီးမှ ထွက်ခွာသော MV အောင်တက်တိုးရေယာဉ်တွင်ဆန်တန်(၅၀၀) အိတ်ရေ(၁၀၀၀၀) တို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)