မြိတ်မြို့၊ ဆိပ်ငယ်စျေးကြီးတွင် ရောနှောဆီများရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

        မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအပါအဝင် ဗဟိုစာရင်းအင်းဦးစီးဌာန၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးရှိ  စားသုံးဆီများကို ကုန်အညွှန်းအမှတ်အသားပါရှိစေရေးနှင့် ရောနှောဆီများတွင် သတ်မှတ်ထား‌သော ကုန်အညွှန်းအမှတ်အသားဖြင့် ‌ဖော်ပြထားခြင်းရှိ/မရှိ ကွင်ဆင်းစစ်ဆေးခဲ့ကြပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ရောနှောစားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာန၏ သတ်မှတ် ကုန်အညွှန်းအမှတ်အသားဖြင့် ဖော်ပြ၍ရောင်ချနေကြောင်းသိရှိရပြီး ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းသောကုန်စည်များ ရောင်းချမှုရှိစေရေး အသိပညာ ပေးပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(တနင်္သာရီ)