![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/6.4_5.jpg?itok=Fdn0E8Bt)
စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး (အောင်ပန်း)မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ၂၉ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ကလောမြို့၊ ကလောမြို့ မဈေး၌ ဈေးသူဈေးသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးဦးမြင့်နိုင်မှ စားသုံးသူကာကွယ်ရေးဥပဒေ ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များ၊ စားသုံးသူများ၏အခွင့်အရေးများနှင့် တာဝန်များစီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူများနစ်နာမှုရှိပါက တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ပြစ်မှုပြစ်ဒဏ်များစသည့် အကြောင်းအရာများ ဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)