![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/6.5_7.jpg?itok=n1L1UKBE)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မြိတ်မြို့၊ နောက်လယ်ရပ်ရှိ၊ United K.M.K ကုမ္ပဏီ အအေးခန်းစက်ရုံသို့သွားရောက်၍ စက်ရုံတာဝန်ခံနှင့် အလုပ်သမားများအား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့်အတူ စားသုံးများ၏အခွင့်အရေးနှင့် တာဝန်များသိရှိစေရန် ၊ ဘေးအန္တရာယ်ကင်းစွာ ရွေးချယ်ဝယ်ယူစားသောက်နိုင်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာများ ဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)