![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/6.14_0.jpg?itok=kVAUoX6Q)
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၄ ခုနှစ်၊ မုံရွာခရိုင်အနေဖြင့် ဇူလိုင်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်း (၃) ကြိမ် ဆောင်ရွက်ခဲ့ရာ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၂) ဦးတို့သည် (၁၀.၇.၂၀၂၄) ရက်နေ့တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ “လွင်” ကိတ်ခြောက်လုပ်ငန်းရှင်အားလည်းကောင်း၊ (၁၇.၇.၂၀၂၄) ရက်နေ့တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ “ရွှေလပ်ကီး” ကိတ်ခြောက်လုပ်ငန်းရှင်အားလည်းကောင်း၊ (၂၉.၈.၂၀၂၄) ရက်နေ့တွင် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ “စားသုံးဆီရောင်းချသည့်” လုပ်ငန်းရှင်များအားလည်းကောင်း တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)