![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7.6_7.jpg?itok=_KVBGMt9)
စားသုံးသူရေးရာဦးစီးဌာန၊ မကွေး၊ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏ မျှော်မှန်းချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာထားချက်ချမှတ် ဆောင်ရွက်လျက် ရှိပါသည်။
မကွေး၊ ချောက်ခရိုင်အတွင်း၌ မြို့နယ်(၆)ခုရှိရာ ၂၀၂၄-ခုနှစ်၊ ဇူလိုင်လအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်း (၁၀)ကြိမ်နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း (၂၃)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(မကွေး)