![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7.8_7.jpg?itok=BxjrCqtJ)
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသုံးနိုင်ရေး၊ သင့်တင့်မျှတသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် မြို့နယ်ဆန်ကုန်သည်များအသင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ဆန်များရောင်းချပေးနေမှုကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးမှ ဦးဆောင်၍ (၅.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်များကို မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က သတ်မှတ်ထားသည့် စျေးနှုန်းများအတိုင်း ပြည်သူများအားရောင်းချပေးမှုရှိ/မရှိ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ ရက်(၉၀)ဆန် (၁)ပြည်လျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် မြို့ပေါ် အမှတ်(၁)ရပ်ကွက်နှင့် အမှတ် (၂)ရပ်ကွက်များရှိ ပြည်သူများအား ရောင်းချပေးခဲ့ကြောင်းသိရသည်။
ချောက်မြို့နယ်တွင် ဆန်များကို ပြည်သူများ သင့်တင့်မျှတသော စျေးနှုန်းဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်စေရန်အတွက် မြို့နယ်ဆန်ကုန်သည်များအသင်းက ဩဂုတ်လ (၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ နေ့စဉ်ရပ်ကွက်အလိုက် ကားဖြင့် လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်ဆန်ကုန်သည်များအသင်းက ဆန်ဆိုင်များတွင်လည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
DOCA(မကွေး)