ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြို့မစျေး၌ စားသုံးဆီရောင်းချနေသည့်ဆိုင်များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စျေးတာဝန်ခံတို့နှင့်ပူးပေါင်းပြီး ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စျေးကွက်စောင့်ကြည့် စစ်‌ဆေးရန်ဦးစားပေးရွေးချယ်ထားသော ကုန်စည်(၁၀)မျိုးအနက် နေ့စဉ်စားသောက်မှုတွင် မပါမဖြစ် ထည့်သွင်းအသုံးပြုရမည့် စားသုံးဆီအမျိုးမျိုးအား သတ်မှတ်စံချိန်များနှင့် ကိုက်ညီစေရေး၊ အရည်အသွေးပြည့်ဝသော စားသုံးဆီများဖြစ်စေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ကြောင်း သိရပါသည်။

      မကွေးမြို့၊ မြို့မစျေးရှိ စားသုံးဆီရောင်းချသူလုပ်ငန်းရှင်(၆)ဦးအား တွေ့ဆုံပြီး ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil)အဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်အား မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့မှ အမိန့်အမှတ် (၂/၂၀၂၄)ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်၍ ရောနှောဆီပြုလုပ်ရောင်းချမည့် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသည့် အမိန့်အမှတ် (၂/၂၀၂၄)ပါ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်သော ဘူးသွပ်ဆီများသာ ရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)