၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့၊ နေ့လယ်( ၁၄:၀၀ ) နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေး လမ်းရှိ ကောင်းဆက်ဟိန်း ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia ကုမ္ပဏီမှ တင်ပို့ ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၃၃ ပေပါ တို့ကို ယာဥ်မောင်း ဦးမင်းသူရလွင် ယာဉ်အမှတ် 5Q-1752 Nissan Diesel မော်တော်ယာဥ်ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါစားအုန်းဆီ ၃၃ ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ ဇရစ်ရပ်ကွက်၊ ကလောင်ဆွေလမ်းရှိ ဦးဌေးဝင်း၏ Day ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၄ ဆိုင်မှ တစ်ဆင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)