ကျွန်းလှမြို့ ပိတောက်မြိုင်ရပ်ကွက် “နီလာ စတိုး” အား ဈေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ()ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်းရှိ နီလာစတိုးအား ကျွန်းလှမြို့နယ် တာဝန်ခံမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့် နီလာစတိုးဆိုင်တွင် ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိတို့အား ကျွန်းလှမြို့နယ် တာဝန်ခံရုံးမှ လစဉ်လျာထားချက်များ သတ်မှတ်ပြီး လျာထားချက်ပြည့်မီအောင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ နီလာစတိုးမှ  ဆိုင်ပိုင်ရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာဆောင်ရွက်ရမည့်တာဝန်များကို သိရှိနားလည်ထားရန်လိုကြောင်း ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ညွှန်ကြားချက်မှတ်(/၂၀၁၉)နှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများနှင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးခဲ့ပြီး ဌာနဥပဒေနှင့် ညွန်ကြားချက်များပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)