၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့၊ နံနက်(၁၀း၀၀) အချိန်တွင် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားသုံးဆီဖြန့်ဖြူးခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဥ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ online virtual ဖြင့် တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ သြဂုတ်လဖြန့်ခွဲမှုအသစ်အား ရှင်းလင်းပြေားခြင်းနှင့် အထက်ဌာနမှ လမ်းညွှန်ချက်(၆)ချက်အား ဆောင်ရွက်သွားရန်မှာကြားခဲ့ကာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ ဆက်လက်ဖြန့်ဖြူးမည့် အစီအစဥ်များ၊ အထက်ဌာနမှ လမ်းညွှန်ချက်(၆)ချက်အား ဆောင်ရွက်မည့် အစီအစဥ်များနှင့် သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကာ အစည်းအဝေးအား မွန်းတည့် (၁၂း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)