![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8.13_1.jpg?itok=0SfcBGXt)
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၅.၈.၂၀၂၄) ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီတွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ဆန်စက်အသင်းရုံးတွင် စားသုံးသူပြည်သူများအား ဆန်ရောင်းချမှုအား ကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် စနစ်တကျရှိစေရေး စားသုံးသူပြည်သူများ လက်ဝယ်အမှန်တကယ်ရောက်ရှိရေး သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေးအတွက် ကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် ဧည့်မထဆန်(၁)ပြည်လျှင်(၂၇၀၀)ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင်(၁)ပြည်၊ အိမ်ထောင်စု(၆၀၀)အား နေ့စဉ်ရောင်းချပေးခဲ့ပြီး မြို့ပေါ်ရှိ ရပ်ကွက်များအား အလှည့်ကျရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)