![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8.14_2.jpg?itok=B5Uvtq45)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၂.၈.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသော စားသုံးဆီလုပ်ငန်းရှင်များအနေဖြင့် စားသုံးဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးဆီလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် အထက်ဌာန၏ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၄၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)