ဗီယက်နမ်နိုင်ငံအပေါ် အရက်ခွန် ၁၅၅% စည်းကြပ်ရန် ကမ္ဘာ့ဘဏ်မှ အကြံပြုထား

Powered by Drupal

      ကမ္ဘာ့ဘဏ်မှ ကုန်ပစ္စည်းတစ်ခုလျှင် လက်ရှိအခွန် ၆၅% အပြင် အရက်တစ်လီတာလျှင် ပကတိအခွန် VND ၁၆၅၀၀ (၀.၆၅ဒေါ်လာ) ကောက်ခံရန် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အဆိုပြု ထားကြောင်း အတိုင်ပင်ခံလုပ်ငန်းအစီအရင်ခံစာအရသိရသည်။

        ယင်းကဲ့သို့ အခွန်စည်းကြပ်ခြင်းသည် အရက်သေစာသောက်စားမှုအား ပိုမိုပျံ့နှံ့စေခြင်းမရှိကြောင်း သေချာစေကာ အပြုသဘောဆောင်သော ကျန်းမာရေးဆိုင်ရာသက်ရောက်မှုများ ကိုလည်း ဆောင်ကြဉ်ပေးနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ ပြောကြားခဲ့သည်။

         ဗီယက်နမ်တွင် အရက်ကြောင့် သေဆုံးမှုအရေအတွက်သည် ပျမ်းမျှဝင်ငွေ အလယ်အလတ်နည်းပါးသော နိုင်ငံထက် ၁၄၀% ပိုမိုများပြားလျက်ရှိကြောင်းသိရသည်။ သေဆုံးမှုနှုန်းများတိုးလာခြင်းနှင့် ရောဂါဖြစ်ပွားမှုနှုန်းများမြင့်တက်လာခြင်းသည် အရက်သောက်သုံးမှုကြောင့်ဖြစ်သည်ဟု ၎င်းကဆိုသည်။

         ၂၀၀၈ခုနှစ်မှ ၂၀၂၂ခုနှစ်အတွင်း အရက်သောက်သုံးမှု ၁၇၇% တိုးလာကြောင်း ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရသိရသည်။

       သို့သော်လည်း ကမ္ဘာ့ဘဏ်မှ အကြံပြုထားသော မြင့်မားသည့်အခွန်များသည် ဗီယက်နမ်နိုင်ငံအတွက် ယခုအချိန်တွင် မသင့်လျော်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ ယင်းအစားဝန်ကြီးဌာနသည် ၂၀၂၆-၂၀၃၀ ခုနှစ်တွင် အယ်လ်ကိုဟောအပါအဝင်မှု ၂၀% သို့မဟုတ် ထို့ထက်ပါသော ဝိုင်အပေါ် အထူးစားသုံးမှုအခွန်ကို ၆၅% မှ ၉၀% သို့မဟုတ် ၁၀၀% သို့ တဖြည်းဖြည်းတိုးမြှင့်ကောက်ခံသွားရန်အဆိုပြုခဲ့သည်။ အယ်လ်ကိုဟောပါဝင်မှုနည်းသော ဝိုင်အတွက် အဆိုပြုထားသောတိုးမြှင့်မှုသည် လက်ရှိ ၃၅% မှ ၆၀% သို့မဟုတ် ၇၀% အထိဖြစ် သည်။ ဘီယာအတွက် ၆၅% မှ ၉၀% သို့ သို့မဟုတ် ၁၀၀% ထိတိုးရန်အဆိုပြုထားသည်။

          ပြည်နယ်၏ ဘဏ္ဍာငွေများသည် ဘီယာအခွန်မှ နှစ်စဉ် VND ၁၀.၇ ထရီလီယံအထိတိုးလာမည်ဟု ဝန်ကြီးဌာနမှခန့်မှန်းထားသည်။ သို့သော်လည်း ကမ္ဘာ့ဘဏ်မှအဆိုပြုထားသော အခွန်တိုးမြှင့်မှုသည် အရက်သောက်သုံးမှုအား လျှော့ချရာတွင် မလုံလောက်သေးကြောင်း မှတ်ချက်ပေးခဲ့သည်။

Source : vnexpress

DOCA(ရန်ကုန်)