စင်္ကာပူနိုင်ငံ၏ Temasek သည် လာမည့်ငါးနှစ်အတွင်း အမေရိကန်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၃၀ဘီလီယံအထိရင်းနှီးမြှုပ်နှံရန် စီစဉ်ထား

Powered by Drupal

        စင်္ကာပူနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံသူ Temasek သည် ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် နည်းပညာ စသည့်ကဏ္ဍာများနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံတွင် လာမည့် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၀ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန်စီစဉ်ထားသည်။

       ၎င်းသည် US တွင် မယုံနိုင်လောက်အောင်နက်နဲပြီး ကျယ်ပြန့်သော အရင်းအနှီးဈေးကွက်တစ်ခုဖြစ်ကြောင်း Temasek ၏ မြောက်အမေရိကအကြီးအကဲ Jone Aterton က Reuters သို့ပြောကြားခဲ့သည်။

        အမေရိကန်စီးပွားရေးသည် ဒုတိယသုံးလပတ်တွင် မျှော်မှန်းထားသည်ထက် ပိုမိုလျင်မြန်စွာကြီးထွားလာပြီး ၎င်း၏ကမ္ဘာလုံးဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များထက် ဆက်လက်တိုးတက် လျက်ရှိသည်။ J & P 500 အညွှန်းကိန်း (J & P 500 အညွှန်းကိန်းသည် US ရှိ အကြီးဆုံး အများသူငှာရောင်းဝယ်သော ကုမ္ပဏီ၅၀၀ကိုခြေရာခံသည့် စတာ့အညွှန်းကိန်းတစ်ခုဖြစ်သည်) သည်လည်း ၁၄%သို့တိုးတက်လာခဲ့သည်။

        ဆန့်ကျင်ဘက်အားဖြင့် တရုတ်နိုင်ငံသည် ယခုလအစောပိုင်းတွင် မျှော်လင့်ထားသည်ထက် တိုးတက်မှုနှုန်းအားနည်းခဲ့ကြောင်းဖော်ပြခဲ့ပြီး ၎င်း၏စီးပွားရေးကိုမြှင့်တင်ရန်အတွက် အဓိက ရေတိုနှင့်ရေရှည်အတိုးနှုန်းများကို ပြီးခဲ့သည့်အပတ်က လျှော့ချခြင်းဖြင့် ဈေးကွက်များကိုအံ့အားသင့်စေခဲ့သည်။

         Temasek ၏ ရင်းနှီးမြှုပ်နှံမှု၏ ၂၂% ခန့် သို့မဟုတ် အမေရိကန်ဒေါ်လာ ၆၃ဘီလီယံခန့်သည် အမေရိကန်တွင်ရှိနေပြီး တရုတ်နိုင်ငံတွင် ၁၉% ရှိသည်။ အမေရိကန်နှင့် ၎င်း၏ထိတွေ့မှုသည် ၁၀စုနှစ်တစ်ခုအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကိုကျော်တက်သွားခဲ့သည်။

       Temasek သည် အမေရိကန်နိုင်ငံ ဒေတာစင်တာများရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ဘက်ထရီသိုလှောင်မှုများကဲ့သို့သော ဉာဏ်ရည်တုဆိုင်ရာနယ်ပယ်များကို အထူးစိတ်ဝင်စား လျက် ရှိသည်ဟု Atherton ကပြောကြားခဲ့သည်။

        အမေရိကန်နှင့် အိန္ဒိယတို့တွင် ရင်းနှီးမြှုပ်နှံမှုများမှ အမြတ်အစွန်းများသည် တရုတ်နိုင်ငံ၌ စွမ်းဆောင်ရည်နိမ့်ကျမှုကို တွန်းအားပေးကူညီနေသည်ဟု Atherton မှ ယခုလ အစောပိုင်း တွင်ပြောကြားခဲ့သည်။

Source : channelnewsasia

DOCA(ရန်ကုန်)