ကမ္ဘောဒီးယားနိုင်ငံသည် မလေးရှားနိုင်ငံမှ ရထားတွဲ ၂၅စီးအား တင်သွင်းခဲ့

Powered by Drupal

       Royal Railway Comgodia (RRC) သည် ၎င်း၏ကုန်စည်ပို့ဆောင်ရေးစွမ်းရည်ကိုမြှင့်တင်ရန်အတွက် မလေးရှားနိုင်ငံမှ ရထားတွဲသစ် ၂၅တွဲကိုတင်သွင်းခဲ့ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

      ထိုရထားတွဲများအားတင်ဆောင်လာမည့် သင်္ဘောသည် ဇူလိုင်လ ၂၈ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိလာခဲ့ကြောင်း Royal Railway ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

         မသစ်ဝယ်ယူမှုသည် Royal Group ၏ ဥက္ကဋ္ဌ Kith Meng ၏ ရင်းနှီးမြှုပ်ံမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေး အတွက် သိသာထင်ရှားသော ကတိကဝတ်များကိုသရုပ်ပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

        ကျန်ဗျူဟာချဲ့ထွင်မှုနှင့်အတူ ဆက်လက်၍ Royal Railway သည်၎င်း၏စွမ်းဆောင်ရည်ကို မိုမိုမြှင့်တင်နိုင်ရန်ရည်ရွယ်ထားပြီး ဒေသတွင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိက ကျသော ကစားသမားအဖြစ်၎င်း၏ ရပ်တည်ချက်ကိုခိုင်မာစေခဲ့သည်။ Royal Railway ၎င်းတို့၏ဆက်လက်ပံ့ပိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ၎င်း၏လုပ်ဖော်ကိုင်ဖက်များနှင့် သက်ဆိုင်သူများကိုကျေးဇူးတင်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

        မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် ကျယ်ကျယ်ပြန့်ပြန့်နှင့် အဆင့်မြင့်ဆုံးအခြေခံအဆောက်အဦကွန်ရက်များအနက် တစ်ခုအဖြစ် ရှိနေခြင်းအတွက် အလွန်ဂုဏ်ူမိကြောင်း၊ အမြန်လမ်းများနှင့် ခရီးဝေးရထားများသည် နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုကို သိသိသာသာအထောက်အကူပြုပြီး နိုင်ငံသားများ၏လူနေမှုဘဝအရည်အသွေးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးကျေးဇူးများစွာရရှိနိုင်မည်ဟုယုံကြည်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ မလေးရှားစီးပွားရေးကုန်သည်ကြီးများအသင်း (MBCC)၏ဥက္ကဋ္ဌ Tan Khee Meng က Khmer Time သတင်းဌာနသို့ပြောကြားခဲ့သည်။

        ထို့ပြင် ယင်းပူးပေါင်းဆောင်ရွက်မှုများသည် ကမ္ဘောဒီးယားနှင့် မလေးရှားနှစ်နိုင်ငံလုံးအား အကျိုးပြုရုံသာမက အာဆီယံချိတ်ဆက်မှုမျှော်မှန်းချက်ကို အကောင်အထ်ဖော်ရန်လည်း အထောက်အကူပြုမည်ဖြစ်သည်။ “ကျွန်ုပ်တို့၏နိုင်ငံများအကြား အခြေခံအဆောက်အဦချိတ်ဆက်မှုများကိုတိုးမြှင့်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဒေသတွင်းပိုမိုကြီးမားသော ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှုတို့ကို လွယ်ကူစွာဆောင်ရွက်နိုင်သည်” ဟု Tan ကပြောကြားခဲ့သည်။

Source : Khmertimeskh

DOCA(ရန်ကုန်)