အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၈.၈.၂၀၂၄) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့ ဘိုးရာဇာရပ်ကွက်ရှိ မုန့်မျိုးစုံရောင်းချနေသောဆိုင်များနှင့် မင်္ဂလာဈေးတို့တွင် အသင့်စားမုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ဈေးကွက်တွင်ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ်ထားသည့်မုန့်များ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍  သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့်များကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စားသုံးသူများဘေးအန္တရာယ်ကင်းစေရန်အတွက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များအား ဈေးကွက်အတွင်း တင်သွင်းဖြန့်ဖြူး ရောင်းချစေရန်အတွက် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)