ရွှေဘိုခရိုင် ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့နှင့် ဆန်လုပ်ငန်းရှင်များ အစည်းအဝေးဆောင်ရွက်

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ကြီးကြပ်မှုဖြင့် (၆.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးအစည်းအဝေးခန်းမ၌ ရွှေဘိုခရိုင် ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေး လုပ်ငန်းအဖွဲ့နှင့် ဆန်စက်၊ ဆန်ပွဲရုံ၊ ဆန်ရွေးစက်လုပ်ငန်းရှင်များနှင့် အစည်းအဝေး ကျင်းပခဲ့ပါသည်။

   အဆိုပါအစည်းအဝေးတွင် ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဌ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက အဖွဲ့၏လုပ်ငန်းတာဝန်များ၊ လုပ်ငန်းဆောင်ရွက်နေမှုများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ဩဂုတ်လအတွက် သင့်တင့်မျှတသောဈေးကွက်‌ဈေးနှုန်းထုတ်ပြန်ချက် (ဆန်ရည်ညွှန်းဈေးနှုန်းများ)နှင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်သို့ အပတ်စဉ် ရွှေဘိုပေါ်ဆန်းဆန် တင်ပို့ရမည့်အကြောင်းများ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဆန်လုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊  အထွေ‌ထွေဆွေးနွေးခြင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း၊ အစည်းအဝေးသို့ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင် ရောင်းချမှုများစိစစ်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊  ဆန်စက်လုပ်ငန်းရှင်၊ ဆန်ရွေးစက်လုပ်ငန်းရှင်နှင့် ဆန်ကုန်သည်စုစုပေါင်း(၂၃)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)