ကမ္ဘာ့ပထမဆုံး Zeekr X RHD မော်ဒယ်အား ထိုင်းနိုင်ငံတွင် ဖြန့်ချီ

Powered by Drupal

    ဩဂုတ်လ ၂ ရက်နေ့တွင် Zeekr သည် ၎င်း၏ ပထမဆုံး ညာမောင်း (RHD) Zeekr X အား ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်မှုကို ဩဂုတ်လ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ Zeekr X RHD အား Athens Cloud White, Paris Brown Rice, Hongzhou Green, Su Mo Gray, Berlin Silver Gray စသဖြင့် အရောင်ငါးမျိုးဖြင့် ရရှိနိုင်မည်ဖြစ်ပြီး ဘတ် ၁၁၉၉ သန်း (ယွမ် ၂၄၄၀၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၃၄၀၀၀) နှင့် ဘတ် ၁.၃၄၉ သန်း (ယွမ် ၂၇၅၀၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၃၈၄၀၀) အသီးသီး ဈေးနှုန်းများရှိမည်ဖြစ်သည်။

  လက်ရှိ ဘန်ကောက်နိုင်ငံတွင် Zeekr ပေါ့အပ်ဆိုင် ၄ ခုရှိပြီး ၂၀၂၄ နှစ်ကုန်တွင် Zeekr သည် ထိုင်းနိုင်ငံတွင် ဆိုင်ပေါင်း ၁၄ ဆိုင်ခန်းအား တည်ဆောက်နိုင်ရန် မျှော်လင့်ထားသည်။

   Zeekr X RHD သည် ဇူလိုင်လ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံဈေးကွက်အတွင်းသို့ တရားဝင် ဝင်ရောက်လာခဲ့သည်။ ထို Zeekr X RHD သည် ထိုင်းနိုင်ငံမှ အသုံးပြုသူများအတွက် ထိုင်းအသံဖြင့် လမ်းညွှန်ပေးခြင်း၊ ယာဉ်ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ဖျော်ဖြေရေး အပလီကေးရှင်းအမျိုးမျိုးကို အပါအဝင်ဒေသအလိုက် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

   ၂၀၂၄ ခုနှစ်ကုန်တွင် Zeekr ကို ကမ္ဘောဒီးယား၊ စင်္ကာပူ၊ မလေးရှား၊ မြန်မာ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့တွင် စာရင်းသွင်းပြီး ရောင်းချမည်ဖြစ်သည်။ ဇွန်လကုန်အထိ Zeekr သည် ကမ္ဘာတစ်ဝှမ်းရှိ ပင်မဈေးကွက် ၂၅ ခု ကျော်ဝင်ရောက်ခဲ့ပြီး ဥရောပ၊ အာရှ၊ Oceania နှင့် လက်တင်အမေရိကတို့ကို လွှမ်းခြုံကာ ယခုနှစ်တွင် နိုင်ငံတကာ ပင်မဈေးကွက် ၅၀ ကျော်သို့ ဝင်ရောက်နိုင်ရန် မျှော်လင့်ထားသည်။

Source : carnewschina

DOCA(ရန်ကုန်)