ဖိလစ်ပိုင်နိုင်ငံမှ သကြားကုန်ကြမ်းများအား အမေရိကန်နိုင်ငံသို့ ပြန်လည်တင်ပို့နိုင်ခဲ့

Powered by Drupal

     ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏နောက်ဆုံးတင်ပို့မှုအပြီး လေးနှစ်အကြာတွင် သကြားကြမ်း ၂၅၃၀၀ မက်ထရစ်တန်အား ယခုနှစ်အတွင်း အမေရိကန်သို့ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များထံမှ သိရသည်။

    Sugar Regulatory Administration (SRA) သည် ပြီးခဲ့သည့် သောကြာနေ့၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် သကြားအမိန့်အမှတ်စဉ်(၃)အား ထုတ်ပြန်ခဲ့ပြီး ၂၀၂၄ ဘဏ္ဍာနှစ်တွင် ဖိလစ်ပိုင်နိုင်ငံအနေနှင့် ဝါရှင်တန်၏ သကြားခွဲတမ်းကိုလည်း ဖြည့်ဆည်းပေးရန်အတွက် ပြည်တွင်း ထုတ်လုပ်သူများအား အချက်ပြပေးခဲ့သည်။

   အဆိုပါအမိန့်ကို စိုက်ပျိုးရေးအတွင်းရေးမှူး Franciso Tiu Laurel, Jr.1 စိုက်ပျိုးရေး လက်ထောက်အတွင်းဝန် Roger Naverror Ma. Mitizi Mangwag နှင့် စိုက်ပျိုးသူများ ကိုယ်စားလှယ် David Andrew Jansoin တို့မှ လက်မှတ်ရေးထိုးခဲ့သည်။

   မုန်တိုင်းများ ဆက်တိုက်ဖြစ်ပွားပြီးနောက် Negros Occidental နှင့် Bantangai အပါအဝင် အခြားသကြားထုတ်လုပ်သော ပြည်နယ်များ ထိခိုက်ပြီးနောက် ပြည်တွင်းသကြား ထုတ်လုပ်မှုတစ်ခုလုံးကို ဒေသတွင်းဈေးကွက်သို့ ခွဲဝေပေးရန်အတွက် ၂၀၂၁ ခုနှစ်တွင် SRA မှ အမိန့်ထုတ်ပြန်ခဲ့သည်။

     လက်ရှိပြည်တွင်းသကြားထုတ်လုပ်မှုသည် စုစုပေါင်း မက်ထရစ်တန် ၁.၉၂ သန်းကျော် ရှိပြီး ယခင်နှစ်က မှတ်တမ်းတင်ထားသည့် ၁၂၀၀၀၀ မက်ထရစ်တန်ထက် ပိုများကြောင်း SRA မှ မှတ်ချက်ပြုခဲ့သည်။

    သောကြာနေ့တွင်လည်း ဝါရှင်တန်က ဖိလစ်ပိုင်အား အကောက်ခွန်နှုန်း သက်သာစွာဖြင့် သကြားကုန်ကြမ်း ပိုမိုတင်ပို့နိုင်ရန် အချက်ပြပေးခဲ့သည်။

    အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၏ ထုတ်ပြန်ချက်အရ ဖိလစ်ပိုင်သည် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ကြံကုန်ကြမ်း မက်ထရစ်တန်ချိန် ၁၄၅၂၃၅ ကို ပေးအပ်နိုင်မည်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ ခွဲဝေချထားမှုသည် ကမ္ဘာကုန်သွယ်ရေးအဖွဲ့သဘောတူညီချက် အမေရိကန် ကတိကဝတ်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ သန့်စင်ပြီး သကြားအတွက် ဖိလစ်ပိုင်အစိုးရမှ ၂၀၂၄ ခုနှစ် နှစ်ဝက်တွင် မက်ထရစ်တန်ချိန် ၂၀၀၀၀ မြှင့်တင်နိုင်ရန် ရည်ရွယ်ထားသည်။ ဖိလစ်ပိုင်မှ ယခုကဲ့သို့ သန့်စင်ပြီးသကြားများသာ တင်သွင်းရခြင်းမှာ နည်းပါးခြင်း သို့မဟုတ် အကန့်အသတ်ဖြင့်သာ လုပ်ဆောင်နိုင်စွမ်းရှိခြင်းတို့ကြောင့် ဖြစ်သည်။

Source : business.inquirer

DOCA(ရန်ကုန်)