တောင်ကိုရီးယားနိုင်ငံ၏ ကင်မ်ချီတင်ပို့မှုသည် ယခုနှစ်ပထမနှစ်ဝက်တွင် စံချိန်သစ်တင်ခဲ့ပြီး ကိုရီးယားအစားအစာများအား မြောက်အမေရိကနှင့် ဥရောပတို့၌ လူကြိုက်များလာခြင်းကြောင့် ယခုနှစ်၏ပထမနှစ်ဝက်တွင် စံချိန်သစ်တင်ခဲ့ကြောင်း ဩဂုတ်လ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။
Korea Custom Service and the Korea Agro-Fisheries & Food Trade Crop မှ ပြုစုထားသော အချက်အလက်များအရ ဂေါ်ဖီချဉ်နှင့် ပြုလုပ်လေ့ရှိသော ကိုရီးယားရိုးရာ အရံဟင်းတစ်မျိုးဖြစ်သည့် ကင်မ်ချီတင်ပို့မှုသည် ယခုနှစ်၏ ပထမခြောက်လတာကာလအတွင်း တန်ချိန် ၂၃၉၀၀ အထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၄.၈% တိုးလာကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် တန်ချိန် ၁၁၅၀၀ နှင့် ၂၀၁၆ ခုနှစ်တွင် တန်ချိန် ၁၁၉၀၀ မှ ၂၀၂၀ ခုနစ် တွင် တန်ချိန် ၂၀၃၀၀ နှင့် ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၂၂၂၀၀ စသည်ဖြင့် နှစ်ဝက်တွက်ချက်မှုများအရ ၁၀ နှစ်အတွင်း ဆက်တိုက်မြင့်တက်လာခဲ့သည်။
တန်ဖိုးအားဖြင့် ယခုနှစ်ပထမနှစ်ဝက် ကင်မ်ချီတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၃.၈ သန်း ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်က ရရှိခဲ့သော အမေရိကန်ဒေါ်လာ ၈၆.၇ ဘီလီယံပြီးလျှင် ဒုတိယအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယင်းကဲ့သို့ ကင်မ်ချီတင်ပို့မှု တိုးလာခြင်းသည် မြောက်အမေရိကနှင့် ဥရောပတို့မှ ဝယ်လိုအား တိုးလာခြင်းကြောင့်ဖြစ်သည်။
အမေရိကန်သို့ ကင်မ်ချီတင်ပို့မှုသည် ဇွန်လအထိ ခြောက်လတာကာလအတွင်း တန်ချိန် ၆၆၀၀ သို့ တစ်နှစ်ထက်တစ်နှစ် ၂၀% တက်လာခဲ့ပြီး ကနေဒါသို့ တင်ပို့မှုမှာ ၃၄% မြင့်တက်ခဲ့ပြီး တစ်နှစ်လျှင် တန်ချိန် ၉၀၀ ရှိခဲ့သည်။
တန်ဖိုးအားဖြင့် အမေရိကန်သို့ ကင်မ်ချီတင်ပို့မှုသည် ယခင်နှစ်ကထက် ၁၈.၉% မြင့်တက်ခဲ့ပြီး စံချိန်တင်အမေရိကန်ဒေါ်လာ ၂၄.၁ သန်း၊ နယ်သာလန်မှ အမေရိကန်ဒေါ်လာ ၅.၆ သန်း၊ ဗြိတိန်မှ အမေရိကန်ဒေါ်လာ ၄.၂ သန်းနှင့် ကနေဒါမှ အမေရိကန်ဒေါ်လာ ၃.၈ သန်း အသီးသီးရရှိခဲ့သည်။
တောင်ကိုရီးယားမှ ကင်မ်ချီကို အများဆုံးဝယ်ယူသည့် ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် ခြောက်လအတွင်း ကိုရီးယားမှ ကင်မ်ချီတန်ချိန် ၉၆၀၀ ကို ဝယ်ယူခဲ့ပြီး လွန်ခဲ့သည့်နှစ်ကထက် ၁၁.၉% ကျဆင်းခဲ့သည်။
Source : pha.gov.ph
DOCA(ရန်ကုန်)